စာအမှတ်။ ။ ၁/၂၀၂၂
ဟိဂျ်ရီခုနှစ်၊၁၄၄၄ ခု၊ ဂျူမာဒလ်အုလာ (၂၀) ရက် ခရစ်နှစ်၂၀၂၂ ၊ ဒီဇင်ဘာလ (၁၄) ရက်
သို့
စာအမှတ် ၁/၂၀၂၂ အား ဓမ္မသတ်ဖြေကြားခြင်း
(မေးခွန်းပူးတွဲလျှက်)
မေးမြန်းချက်များအရ ဓမ္မသတ်ဖြေကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
حامدا ومصلیا و مسلما اما بعدا
ကွယ်လွန်သေဆုံးသူ ပျက်ကွက်ခဲ့သော နမာဇ်၊ ရိုဇာများ အတွက် ဖိဒ်ရာဟ်ပေးရမည့်ပုံစံမှာ နမာဇ်တစ်ကြိမ်တိုင်းနှင့် ရိုဇာတစ်လုံးတိုင်းအတွက် ‘ဂျုံစေ့ တစ်ပိဿာ တစ်ဆယ်ကျပ်သား' ပေးလှူရပေမည်။
ဖော်ပြပါ ပိဿာချိန်အစား တန်ဖိုးကိုလည်း ပေးလှူနိုင်
ပေသည်။ နမာဇ်အကြိမ်များကို ရေတွက်ရာတွင်‘ဝသိရ်’
နမာဇ်များကိုပါ ထည့်သွင်းရေတွက်ပေးရပေမည်။
(ကြည့်. . . . ဟေဒါယာကျမ်း အတွဲ(၁) စာမျက်နှာ (၂၂၂) .....)
ဂျုံစေ့ဖြင့် ဖိသ်ရာဟ်တွက်ချက် ပေးဆောင်ရာတွင်
တစ်ရက်စာ နမာဇ် ပျက်ကွက်မှုများအတွက် ဂျုံ (၆) ပိဿာ (၆၀) ကျပ်သား (သို့) ၎င်း ဂျုံ (၆)ပိဿာ (၆ဝ)ကျပ်သားရဲ့ တန်ဖိုးဖြစ်ပြီး တစ်ရက်စာ ရိုဇာပျက်ကွက်မှုအတွက် ဂျုံ (၁) ပိဿာ (၁၀) ကျပ်သား (သို့) ၎င်းဂျုံ (၁) ပိဿာ (၁၀)ကျပ်သားရဲ့ တန်ဖိုးတို့ကို
ပေးဆောင်ရပေမည်။
(ကြည့်. . . . ဖွသ်ဝါကာစေမီယာဟ်၊ အတွဲ (၁၁) (၅၃၃). . . . )
မေးခွန်းပါ သားအဖ (၂) ဦးတို့ရဲ့ အရွယ်ရောက်ပြီး နောက်ပိုင်း ပျက်ကွက်ခဲ့သာ နမာဇ် ရိုဇာများကို
ကျန်ရစ်သူ မိသားစုဝင်များဘက်မှ အသေအချာ
တိုင်ပင်တွက်ချက်၍ အထက်ပါဖိသ်ရာဟ် ပေးဆောင်ရမည်။ နှုန်းထားများအတိုင်း ဇကားသ် စားထိုက်သော မွတ်စလင်မ် ဆင်းရဲသားများအား ပေးလှူရပေမည်။
(ကြည့်. . . . ဖွသ်ဝါရှာမီ၊ အတွဲ (၃) စာမျက်နှာ (၄၇၉). . . . . . )
والله اعلم بالصواب
ဓမ္မသတ်မှူး
ဟာဖိဇ် မောင်လာနာ ကာရီ မုဖ်သီ အလီ
(ဗန်ဒဝီ)
အတည်ပြုသူ
အလ်ဟာဂျ်မောင်လာနာ မုဖ်သီ အဗ္ဗရာဟီးမ်
(ဗုံးအိုး)
နေပြည်တော်၊ ပျဉ်းမနား၊ ဦးကျေး


No comments:
Post a Comment