Followers

Saturday, April 15, 2023

ဖိသ်ရဟ်

 

စာအမှတ်။     ။ ၀၀၁1/၂၃ / စီမံ / မလဝ-နပတ


ရက်စွဲ။ ။ ဟိဂျ်ရီ ၁၄၄၄-ခုနှစ် ရမ္မဿွန်လ(၂၂)ရက်


၂၀၂၃ခုနှစ် ၊ ဧပြီလ (၁၄)ရက်နေ့ ( သောကြာနေ့ )


السلام عليكم و رحمة الله وبركاته


#ဖိသ်ရဟ်နှင့်ပတ်သက်၍အသိပေးကြေငြာချက်


ဖိသ်ရဟ် နှင့် ပတ်သတ်၍ အသိပေးကြေညာချက်


နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွက် ယခုနှစ်အတွက် ဖိသ်ရဟ်ကြေးမှာ

၄၉၀၀ ကျပ်ဖြစ်ပါသည်။

 

ဂျုံဈေးဖြင့်တွက်ချက်ပေးလိုပါက (တစ်ပိဿာ တစ်ဆယ်ကျပ်သား) ၄၉၀၀ ကျပ်

စွန်ပလွံသီးဖြင့် တွက်ချက်ပေးလိုပါက (နှစ်ပိဿာ နှစ်ဆယ်ကျပ်သား) ၂၄၂၀၀ ကျပ်

စပျစ်ခြောက်ဖြင့် တွက်ချက်ပေးလိုပါက (နှစ်ပိဿာ နှစ်ဆယ်ကျပ်သား)    ၃၇၄၀၀ ကျပ်


ဖိသ်ရဟ်၏ မဆ်အလဟ်များ


(၁) ဇကားသ်၏ နိဆားဗ် ပိုင်ဆိုင်ထားသော မွတ်စ်လင်မ် အမျိုးသား အမျိုးသမီး တစ်ဦးတိုင်းအပေါ်တွင် ဖိသ်ရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ထိုက်ပါသည်။

သို့သော် ပိုင်ဆိုင်မှု တစ်နှစ်ပြည့်ရန် မလိုအပ်ပါ။ အီးဒ်ဒုလ်ဖိသွ်ရ်၏ နံနက်မိုးသောက်ချိန်တွင် မိမိ၏လက်ဝယ်၌ နိဆားဗ်ပမာဏ ပိုင်ဆိုင်ထားပါက ဖိသ်ရဟ်ပေးဆောင်ရမည်။


(၂) ဖိသ်ရဟ်အတွက် နိဆားဗ်တွက်ချက်ရာတွင် မိမိ၏နေ့စဉ်လိုအပ်သော အသုံးအဆောင်များကို ထည့်တွက်ရန်မလိုပါ။ မိမိ၏ နေ့စဉ်လိုအပ်သော အသုံးအဆောင်ထက် ပိုလျှံသော အသုံးအဆောင်များကိုသာ ထည့်တွက်ရမည်။

ဥပမာ။ ။ အိမ်နှစ်အိမ်ပိုင်ဆိုင်ထားပြီး တစ်အိမ်၌သာ နေပါက ကျန်နေအိမ်၏ တန်ဖိုးကို ဖိသ်ရဟ်အတွက် နိဆာဗ်တွက်ချက်ရာတွင် ထည့်ပေါင်းရမည်။


(၃) ဖခင်သည် မိမိ နှင့် မိမိ၏ အရွယ်မရောက်သေးသော ကလေးများအတွက် ပေးဆောင်ရမည်။ ဇနီးသည်နှင့် အရွယ်ရောက်ပြီးသော သားသမီးများအတွက် ဖခင်ဘက်မှ ပေးဆောင်ရန်မလိုပါ။ ထိုပုဂ္ဂိုလ်များသည် မိမိဘက်မှမိမိ ပေးဆောင်ရမည်။

(၄) အကယ်၍ ဖခင်သည် မိမိဇနီးနှင့် အရွယ်ရောက်ပြီးသော သားသမီးများအတွက် ဖိသ်ရဟ်ပေးဆောင်လိုက်ပါကလည်း အထမြောက်သွားပေမည်။

(၅) ဖိသ်ရဟ်အတွက် အထက်ဖော်ပြပါ ဂျုံ၊ မုယောစပါး၊ စွံပလွံသီးနှင့် စပျစ်ခြောက် တို့ကိုပေးနိုင်သလို ထိုအရာများ၏ တန်ကြေးကိုလည်း ပေးဆောင်နိုင်သည်။


(ဓမ္မသတ်မှူး)

မောင်လာနာ ဟာဖိဇ် ကာရီ မုဖ်သီ မုဟမ္မဒ် အလီဆွာဟိဗ် (ဗန်ဒဝီ) မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့-နေပြည်တော်


အတည်ပြုသူ

အလ်ဟာဂျ် မောင်လာနာ မွဖ်သီ မုဟမ္မဒ် အီဗ်ရာဟီးမ် ဆွာဟိဗ်(ဗုံးအိုး) နေပြည်တော်-ပျဉ်းမနားမြို့

No comments:

Post a Comment

ဖိသ်ရဟ်

  စာအမှတ်။     ။ ၀၀၁1/၂၃ / စီမံ / မလဝ-နပတ ရက်စွဲ။ ။ ဟိဂျ်ရီ ၁၄၄၄-ခုနှစ် ရမ္မဿွန်လ(၂၂)ရက် ၂၀၂၃ခုနှစ် ၊ ဧပြီလ (၁၄)ရက်နေ့ ( သောကြာနေ့ ) السلام ...