Followers

Monday, March 20, 2023

ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနား

 







20.3.2023 


#ရုံးခန်းအသစ်ဖွင့်လှစ်ခြင်း


နေပြည်ကောင်စီနယ်မြေ၊ပျဥ်းမနားခရိုင်၊ပျဥ်းမနားမြို့နယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ခွဲ (နေပြည်တော်) ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားအား နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အစိုးရအသိအမှတ်ပြု အဖွဲ့ကြီးများဖြစ်ကြသော မြန်မာမွတ်စလင်မ်လူငယ်များအဖွဲ့(မမလ)၊အစ္စလာမ်သာသနာရေးရာကောင်စီအဖွဲ့ နှင့်တကွ ဗလီဝတ်ကျောင်းတော်အချို့မှ ဂေါပကများ ၊ အာလင်မ် သာသနာ့ပညာရှင်များ ကြွရောက်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါတယ်။


အလ္လာဟ်အသျှင် အထူးပဲလက်ခံတော်မူပါစေ..အာမီးန်


#မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့


နေ့စဥ်ပုံမှန်

ရုံးခန်းဖွင့်လှစ်ချိန် 

နံနက် (၉)နာရီမှ နေ့လည် (၁၁း၀၀)နာရီထိ

နေ့လည် (၂း၀၀)နာရီမှ ညနေ (၄း၀၀)နာရီထိ

သောကြာနေ့ ဂျွမ္မာနေ့တိုင်း ရုံးပိတ်ပါသည်။

Monday, March 13, 2023

 





13.3.2023
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ခွဲ (ပြင်ဦးလွင်မြို့နယ်) ဖွင့်လှစ်ပွဲ အခမ်းအနားအား မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို) မှ ဥက္ကဌ ​ဖြစ်သော ဆရာသခင်ကြီး အလ်ဟာဂျ်မောင်လာနာမုဖ်သီစလီမွလ္လာဟ်ဆွာဟိဗ်(ခ)ဆရာကြီး
ဦးလှဝင်းမှ ကိုယ်တိုင်ကြွရောက် ဖွင့်လှစ်ခဲ့ပါတယ်။
အလ္လာဟ်အသျှင် အထူးပဲလက်ခံတော်မူပါစေ..အာမီးန်

ဖိသ်ရဟ်

  စာအမှတ်။     ။ ၀၀၁1/၂၃ / စီမံ / မလဝ-နပတ ရက်စွဲ။ ။ ဟိဂျ်ရီ ၁၄၄၄-ခုနှစ် ရမ္မဿွန်လ(၂၂)ရက် ၂၀၂၃ခုနှစ် ၊ ဧပြီလ (၁၄)ရက်နေ့ ( သောကြာနေ့ ) السلام ...